ဥပဒေပညာကို အဘယ်ကြောင့်လေ့လာကြပါသနည်း။
• The law is reason, free from passion.
ဥပဒေသည် ညစ်ထေးသောဆန္ဒတို့မှကင်းပသည့် ကျိုးကြောင်းတရားဖြစ်သည်။
• The legal profession is a noble profession.
ဥပဒေပညာဖြင့်အသက်မွေးခြင်းသည် မြတ်သောအသက်မွေးခြင်းဖြစ်သည်။
• Law is more than cramming cases and statutes.
ဥပဒေပညာသည် အမှုအခင်းဖြစ်ရပ်များနှင့် ပြဌာန်းဥပဒေများ စုပြုံထားခြင်းထက် ပိုမိုသည်။
• Law is as complex and multi-faceted as the scope of human endeavour, intellect and emotion.
ဥပဒေပညာသည် လူတို့၏ အသစ်ဖန်တီးရန်ကြိုးပမ်းအားထုတ်မှု၊ အသိညာဏ်ပညာနှင့် စိတ်ခံစားမှု နယ်ပယ်များကဲ့သို့သော ရှုပ်ထွေးသည့် မျက်နှာစာများစွာပါသည့် ပညာရပ်ဖြစ်သည်။
• Law students acquire skills, not just knowledge.
ဥပဒေ ကျောင်းသူကျောင်းသားများသည် အသိပညာမျှသာမက ကျွမ်းကျင်မှုအတတ်ပညာကိုပါ လေ့လာသင်ယူရရှိနိုင်သည်။
(Excerpt from "WHY STUDY LAW?", Trinity College, Cambridge, UK)